Sunday, July 27, 2008

ဇာတ်လမ်းဟောင်း

ခနဲ့နေတာလို့
မင်းထင်နေလား
တကယ်တော့
ငါ့ရင်ဟာမင်းထက်
နေဝင်ကြိမ်ပိုများနေလို့
ထွက်ပေါက်ရှာချင်မိတာပါ

ထားခဲ့ချင်တယ်လို့ကော
မင်းတွေးနေမိလား
တကယ်တော့
" သွား " ဆိုတဲ့စကားက
မသွားစေချင်တဲ့သဘောပါနေတာ
မင်းမမြင်တာလား
မကြည့်တတ်တာလား

နောက်ကြောင်းပြန်လှည့်
ပုံပြင်ဟောင်းကို အသစ်လုပ်ဖို့
ငါစိတ်မပါတော့ပါဘူး
နေသားတကျ သူ့နေရာနဲ့သူ
ရှိပါစေတော့လား

ဇာတ်လမ်းဟောင်းလေးရယ်။



အရုဏ်ဦး

No comments: