Sunday, July 27, 2008

မဖွင့်လိုက်ရတဲ့ တံခါးနှစ်ချပ်အကြောင်း (သို့) သူနဲ့ ကျွန်တော်

ကောင်မလေးတစ်ယောက်ရဲ့
အသည်းနှလုံးဆိုတဲ့
တံခါးလေးကို
ကျွန်တော် ဖွင့်ဖို့လည်းမရဲ
တိတ်တခိုးနဲ့တော့
အကြိမ်ကြိမ် ခိုးခိုးဖွင့်ခဲ့ဖူးတယ်။


ဒီတံခါးကို
တစ်ပါးသူတစ်ယောက်ပိုင်ဆိုင်လို့
တစ်ဦးတည်းမူပိုင်သတ်မှတ်
တစ်ဘဝစာသော့ခတ်လိုက်တော့မှ
ငါနောင်တရလည်း မထူးတော့ပါဘူး။

မင်းမသိတဲ့
မင်းကို သိပ်ချစ်ရတဲ့သူ တစ်ယောက်အဖြစ်နဲ့ပဲ
အချစ်တွေကို
ငါ့ရင်ထဲမှာ ထာဝရသိမ်းဆည်း
ကျွန်တော့ရဲ့ တံခါးကိုလည်း
တစ်သက်လုံး သော့ခတ်ထားလိုက်ပါရစေ။

ကျွန်တော်ချစ်ရတဲ့မင်းနဲ့
ကျွန်တော်ချစ်ရတဲ့ သူငယ်ချင်းအတွက်......................



အရုဏ်ဦး

No comments: