Saturday, July 5, 2008

အခြေမတူသူ သို့................

နင့်အကြောင်းတွေကို
ညညတွေးမိတိုင်း
သက်ပြင်းတွေအခါခါ
ချနေရပြီ ချစ်သူ

အခြေမတူတဲ့
အလွှာနှစ်ခုကို
ပေါင်းစပ်ဖို့ ကြိုးစားမိတဲ့
ငါ့ကိုယ်ငါလည်း
မုန်းနေမိပြီ ချစ်သူ

ချစ်သူရေ
ဖြစ်များဖြစ်နိုင်မယ် ဆိုရင်လေ
နင်နဲ့ပတ်သတ်ရင်
အမြဲတမ်းခံစားလွယ်နေတဲ့
ငါ့နှလုံးသားကို
ဘောင်ခတ်ထားလိုက်ချင်ပြီ။

အလင်းရိပ်။

No comments: