အရာရာတိုင်းမှာ
သက်ရောက်မှုဆိုတာ
ငါ့အတွက်တော့ မှားနေလိမ့်မယ်...
အားလုံးနဲ့ငါနဲ့က
ခြားနားလွန်းနေတယ်..
ငါ့ဖက်ကမှန်ဆိုပေမယ့်လည်း
မင်းတို့ဘက်ကတော့
ပြဒါးသုတ်ထားတဲ့အတွက်
ငါအရှုံးပေးလိုက်ပါ့မယ်...
တစ်ခါတစ်လေ
ငါစဉ်းစားမိတယ်
သက်ရောက်မှုတိုင်းရဲ့
တန်ပြန်သက်ရောက်မှုဆိုတာ ကိုလေ.....
အရုဏ်ဦး
Sunday, August 10, 2008
သက်ရောက်မှု
Monday, August 4, 2008
ပုံစံခွက်
နေသားကျအောင်
နေလိုက်ရတာ
မကြိုက်လည်းနေ
ကြိုက်လည်းနေ.....
နေ့တဒူဝ
အလုပ်တွေနဲ့
ပုံသေကားချပ်ဖြစ်လို့
ဒီပုံစံခွက်ထဲမှာ အံဝင်ခွင်ကျလေ
အော်......
ကိုယ့်ပုံစံခွက်ကိုယ်
ဘယ်သူမှစိတ်တိုင်းမကျ
လူ့အလိုနတ်မလိုက်နိုင်သရွေ့တော့
အသစ်တဖန်ပြောင်းဖို့
အားထုတ်ရဦးမှာပေါ့.............
အရုဏ်ဦး
အလွမ်း.....
လွတ်သွားတဲ့
နွေးထွေးမှုတွေကို
လိုက်ဖမ်းဆဲမှာပဲ.......
အေးစက်စက်မင်းရဲ့
အပြုအမူတွေကြောင့်
ငါ့ရင်ကို အပူရှပ်သွားခဲ့ပြီ.......
ကံတရားရယ်
ငါ့ကို မကစားပါနဲ့
အခုတလော..
အလွမ်းတွေကို
လူပြောများနေလို့ပါ.........
အရုဏ်ဦး
Tuesday, July 29, 2008
လေသေနတ်
ပစ်လိုက်တာတော့
လေသေနတ်ပါပဲ
ဒါပေမယ့်...........
ခံစားလိုက်ရတဲ့ငါက
နှလုံးသားတွေ
စုတ်ပြတ်သတ်အောင်
ခံလိုက်ရတယ်....
ဘာတဲ့......မင်းပြောလိုက်တဲ့စကား
ငါကြားလိုက်တယ်
ဒီကောင်လေးကို
ငါကစားနေတာတဲ့.......
အရုဏ်ဦး
ဆောင်းအိပ်မက်
အိပ်မက်ထဲမှာ
ဆောင်းအိပ်မက်ကို
ကြောက်လှတဲ့ငါ
ပြောင်းလဲလွယ်တဲ့
လူတွေကြောင့်
ဆောင်းအိပ်မက်ထဲမှာ
ထပ်ခါထပ်ခါချမ်းလို့
ငါ့ရာသီမှာ
သုံးရာသီဆိုတာကွယ်ပျောက်
တဝဲလည်လည်နဲ့
ဒီဆောင်းအိပ်မက်ထဲမှာ
မင်းကြောင့်
တဖန် ချော်ကြရပြန်ပြီ။
အရုဏ်ဦး
Monday, July 28, 2008
မျှော်လင့်ချက်
မျှော်လင့်ချက်ဆိုတာ
ငါ့အတွက်တော့
မှုန်ဝါးဝါးရယ်ပါ
ဇဝေဇဝါနဲ့
မသေချုာလှတဲ့
ဘဝအတွက်
ပြုတ်ကျခါနီး ကျောက်စွန်းလေးက
နောက်ဆုံးမျှော်လင့်ခြင်း ဆိုရင်ပဲ
အဆုံးတိုင်တွယ်ဖက်လို့
အသက်ရှင်နေပါရစေ
ဆိုးဝါးလှတဲ့
ချောက်ထဲကိုတော့
ငုံ့ကြည့်ရအောင်တော့
ငါမမိုက်ချင်ဘူး......
အရုဏ်ဦး
Sunday, July 27, 2008
ဇာတ်လမ်းဟောင်း
ခနဲ့နေတာလို့
မင်းထင်နေလား
တကယ်တော့
ငါ့ရင်ဟာမင်းထက်
နေဝင်ကြိမ်ပိုများနေလို့
ထွက်ပေါက်ရှာချင်မိတာပါ
ထားခဲ့ချင်တယ်လို့ကော
မင်းတွေးနေမိလား
တကယ်တော့
" သွား " ဆိုတဲ့စကားက
မသွားစေချင်တဲ့သဘောပါနေတာ
မင်းမမြင်တာလား
မကြည့်တတ်တာလား
နောက်ကြောင်းပြန်လှည့်
ပုံပြင်ဟောင်းကို အသစ်လုပ်ဖို့
ငါစိတ်မပါတော့ပါဘူး
နေသားတကျ သူ့နေရာနဲ့သူ
ရှိပါစေတော့လား
ဇာတ်လမ်းဟောင်းလေးရယ်။
အရုဏ်ဦး
