ထွေထွေထူးထူး မဟုတ်တဲ့
နွေလေရူးကြောင့်
ဂယက်ထသွားတဲ့
ရော်ရွက်ဝါ တစ်ချို့နဲ့ အတူ
ပေါ့ပျက်ပျက် မင်းရီသံတွေအောက်မှာ
ငါ့ နှလုံးသားဟာ
အစိတ်စိတ် အမွှာမွှာ
ကွဲကြေခဲ့ရတယ်။
ကြွေကျသွားတဲ့
ရွက်ဝါတွေကို
သိမ်းဆည်းပေးမဲ့သူ
ရှိခဲ့ပေမဲ့
ကွဲကြေသွားတဲ့
နှလုံးသားတစ်စုံကို
သိမ်းဆည်းပေးမဲ့ ........ မင်း
ငါ့နားမှာမရှိတော့တဲ့နေ့
April 21 လေ။
အလင်းရိပ်။
Monday, June 30, 2008
April 21
အရာမရောက်ခြင်း
ငါနင့်ကို
မုန်းမိဖို့ ၊ နာကျည်းမိဖို့
ကြိုးစားလိုက်တိုင်း
ငါ့ရင်မှာ ပိုပိုချစ်လာမိတယ်။
ငါ့အတွေးတွေထဲက
မောင်းထုတ်ပစ်ဖို့
ရည်ရွယ်တိုင်းလည်း
နင့်ပုံရိပ်တွေ ၊ နင့်အပြုံးတွေက
ပိုပိုလို့ စိုးမိုးလာတယ်။
ငါနင့်နားကနေ
အဝေးကို ပြေးထွက်သွားဖို့
အားတင်းလိုက်တိုင်း
ငါ့နှလုံးသားမှာ
သံယောဇဉ်ကြိုးတွေက
ပိုပိုလို့ ခိုင်မြဲလာနေတယ်။
ကဲ
ဒီလိုဆို
ငါဘယ်လိုလုပ်ပြီး
ရှေ့ဆက်ရမလဲ
ချစ်သူရယ်.........
အလင်းရိပ်။
Subscribe to:
Posts (Atom)