Monday, August 4, 2008

ပုံစံခွက်

နေသားကျအောင်
နေလိုက်ရတာ
မကြိုက်လည်းနေ
ကြိုက်လည်းနေ.....


နေ့တဒူဝ
အလုပ်တွေနဲ့
ပုံသေကားချပ်ဖြစ်လို့
ဒီပုံစံခွက်ထဲမှာ အံဝင်ခွင်ကျလေ

အော်......
ကိုယ့်ပုံစံခွက်ကိုယ်
ဘယ်သူမှစိတ်တိုင်းမကျ
လူ့အလိုနတ်မလိုက်နိုင်သရွေ့တော့
အသစ်တဖန်ပြောင်းဖို့
အားထုတ်ရဦးမှာပေါ့.............


အရုဏ်ဦး

No comments: