Monday, June 30, 2008

April 21

ထွေထွေထူးထူး မဟုတ်တဲ့
နွေလေရူးကြောင့်
ဂယက်ထသွားတဲ့
ရော်ရွက်ဝါ တစ်ချို့နဲ့ အတူ
ပေါ့ပျက်ပျက် မင်းရီသံတွေအောက်မှာ
ငါ့ နှလုံးသားဟာ
အစိတ်စိတ် အမွှာမွှာ
ကွဲကြေခဲ့ရတယ်။

ကြွေကျသွားတဲ့
ရွက်ဝါတွေကို
သိမ်းဆည်းပေးမဲ့သူ
ရှိခဲ့ပေမဲ့
ကွဲကြေသွားတဲ့
နှလုံးသားတစ်စုံကို
သိမ်းဆည်းပေးမဲ့ ........ မင်း
ငါ့နားမှာမရှိတော့တဲ့နေ့
April 21 လေ။

အလင်းရိပ်။

No comments: